ဝန်ဆောင်မှု၏စည်းကမ်းသတ်မှတ်ချက်များ

စည်းကမ်းချက်နှင့်သက်မှတ်ချက်များ (Web Hosting အတွက်)

ဤပေါ်လစီသည် Myanmar ICT Solutions Limited ၏ အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်ဖြစ်ပြီး အခြားစာဖြင့် သို့မဟုတ် နှုတ်ဖြင့် ချုပ်ဆိုထားသည့် စာချုပ်များ ထက်သာလွန်ကာ ၎င်းတို့အစား အသုံးပြုနိုင်သည်။ ဤပေါ်လစီသည် Myanmar ICT Solutions Limited ၏ မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြုမည်ဟု အမည်စာရင်း ပေးသွင်းလိုက်သည်နှင့် ဝန်ဆောင်မှုရယူသူများက သဘောတူညီရမည့် အသုံးပြုမှုဆိုင်ရာ သဘောတူညီမှု များ၏ အလုံးစုံသတ်မှတ်ဖော်ပြချက်ဖြစ်သည်။ Myanmar ICT Solutions Limited တစ်ဦးတည်းသာလျှင် ဤအသုံးပြုမှု ဆိုင်ရာ သဘောတူညီချက်၏ မည်သည့်အစိတ်အပိုင်းကိုမဆို၊ အချိန်မရွေး ဝန်ဆောင်မှုရယူသူများကို စာဖြင့်ရေးသားထားသော အကြောင်းကြားချက် ပေးပို့ကာ သို့မဟုတ် မပေးပို့ဘဲ ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲခွင့်ရှိသည်။

Myanmar ICT Solutions Limited ၏ဝန်ဆောင်မှုများကို အသုံးပြုသည့် မည်သည့် ဝန်ဆောင်မှုအသုံးပြုသူမဆို ဤအသုံးပြမှု ဆိုင်ရာ သဘောတူညီချက်ပါ ပေါ်လစီများကို မဖြစ်မနေဘောတူလိုက်နာရမည်ဖြစ်သည်။ ထိုသို့ လိုက်နာလိုခြင်း မရှိပါက Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှုများကို အသုံးမပြုရန် ပယ်ဖျက်နိုင်သည်။ Myanmar ICT Solutions Limited သည်သာလျှင် ၎င်း၏ဝန်ဆောင်မှုအသုံးပြုသူ၏ သဘောတူညီချက် ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး သဘောတူညီမှုကို ချိုးဖောက်သည်ဟုမှတ်ယူထားသည့် မည်သည့် ဝန်ဆောင်မှု ရယူသူကိုမဆို ငွေပြန်မအမ်းဘဲ ဝန်ဆောင်ပေးခြင်းကို ရပ်စဲခြင်းနှင့်၊ သို့မဟုတ် လိုအပ်ပါက ဥပဒေဆိုင်ရာ အရေးယူခြင်းများကဲ့သို့သော တုံ့ပြန်မှုများကိုအရေးယူမှုများကို ပြုလုပ်နိုင်သည်။

အထွေထွေဖော်ပြချက်

Myanmar ICT Solutions Limited အနေဖြင့် တစ်ခုထက်ပိုသော အကောင့်များကို (တစ်ခုချင်းစီ) ထိန်းသိမ်းရသည့် အတွက် သင်သည် Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှုရယူသူတစ်ဦးအနေဖြင့် အောက်ပါ အသုံးပြုမှုဆိုင်ရာ သဘောတူညီမှုများကို လိုက်နာရန် နားလည် သဘောတူပါသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • “ကျွန်ုပ်တို့” သို့မဟုတ် “ဝန်ဆောင်မှုပေးသူ” သို့မဟုတ် “Myanmar ICT Solutions Limited” - Myanmar ICT Solutions Limited
  • “သင်” သို့မဟုတ် “ဝန်ဆောင်မှုအသုံးပြုသူ” သို့မဟုတ် “အဖွဲ့ဝင်” - အင်တာနက် ဝန်ဆောင်မှုကို အသုံးပြုရန် လျှောက်ထားသည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ သို့မဟုတ် ထိုသူက လုပ်ပိုင်ခွင့်လွှဲအပ်ထားသည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီ

အာမခံဆိုင်ရာ ရှင်းလင်းချက်

အင်တာနက်နှင့် ဝက်ဘ်စာမျက်နှာ ဝန်ဆောင်မှု ပေးခြင်းသည် ရှုပ်ထွေးသော ဟာဒ်ဝဲ ၊ ဆော့ဖ်ဝဲ ၊ ကွန်ယက် ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက် ပေးပို့သည့် ကိရိယာများ၏ ကွန်ယက်ပေါ်တွင် မူတည်ပါသည်။ ထိုပေးပို့သည့် ကိရိယာများနှင့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ တစ်စုတစ်စည်းတည်း လုပ်ဆောင်ရန် လိုအပ်သည့်အတွက် အချိန်တိုင်းတွင် ဝန်ဆောင်မှုများအားလုံးကို ရယူအသုံးပြုနိုင်မည် မဟုတ်ချေ။

သို့သော် Myanmar ICT Solutions Limited သည် ၉၉.၉% အသုံးပြုနိုင်စွမ်းကို အာမခံသည်။ ဤအာမခံချက်သည် Myanmar ICT Solutions Limited ဆာဗာ နှင့် ကျွန်ုပ်တို့၏ ပင်မ အင်တာနက်ကွန်ယက် တည်ရှိရာနေရာတွင်သာ အကျုံးဝင်သည်။ Myanmar ICT Solutions Limited သည် အမြင့်မားဆုံး အသုံးပြုနိုင်စွမ်းကို အာမခံနိုင်ရန် အကောင်းဆုံး အရင်းအမြစ်များနှင့် ချန်နယ်များကို အကျိုးတူ ပူးပေါင်းသူများအဖြစ် ရရှိအောင် အားထုတ်မည် ဖြစ်သည်။ သို့သော် Myanmar ICT Solutions Limited မှ တိုက်ရိုက်ထိန်းချုပ်၊ ပြုပြင်နိုင်စွမ်း မရှိသည့် တစ်ဆင့်ခံဝယ်ယူ/ရယူ အသုံးပြုသည့် ဟာဒ့်ဝဲ သို့မဟုတ် ကွန်ယက် ချို့ယွင်းမှုများကြောင့် ဖြစ်ပေါ်လာသည့် အသုံးပြုနိုင်စွမ်း ကျဆင်းမှုများအတွက် တာဝန်မရှိချေ။ . Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှု ရယူသူများသည် စုံလင်ကွဲပြားပြီး ၎င်းတို့၏ ဝက်ဘ်စာမျက်နှာနှင့် ထိုဝက်ဘ်စာမျက်နှာများ၏ လုပ်ဆောင်မှုများမှာလည်း စုံလင်ကွဲပြားသည်။ Myanmar ICT Solutions Limited သည် နှောင့်ယှက်မှု၊ DDOS တိုက်ခိုက်မှု သို့မဟုတ် အခြား အင်တာနက် တိုက်ခိုက်မှုများအပါဝင် မည်သည့် ဝန်ဆောင်မှုအသုံးပြုသူ၏ အမှားအယွင်းများအတွက် တာဝန်ယူမည်မဟုတ်ပါ။

Myanmar ICT Solutions Limited သည် ၎င်းကပေးစွမ်းသည့် ဝန်ဆောင်မှုများနှင့်ပတ်သက်ကာ (မချိုး ဖောက်ခြင်းဆိုင်ရာအာမခံ၊ ရောင်းသူ၏ စွမ်းရည်အာမခံ သို့မဟုတ် အသုံးပြုမှုအတွက် သင့်လျော်ကြောင်း အာမခံများအပါအဝင်) မည်သည့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော အာမခံများ ကို မပြုလုပ်ပါ။ ထိခိုက်မှုများရှိလာနိုင်ကြောင်း Myanmar ICT Solutions Limited ကို အသိပေးထားသော်လည်း ဝန်ဆောင်မှုကြောင့် ဝန်ဆောင်မှု အသုံးပြုသူ သို့မဟုတ် အခြားပြင်ပပုဂ္ဂိုလ်အား ဤဝန်ဆောင်မှုကို အသုံးပြုခြင်း၊ အသုံးမပြုခြင်း ကြောင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထိခိုက်စေမှုများအတွက် Myanmar ICT Solutions Limited သို့မဟုတ် ဝန်ဆောင်မှု ပေးရာတွင် ပါဝင်သည့် အခြားပုဂ္ဂိုလ်များတွင် တာဝန်မရှိချေ။

တာဝန်ခံယူခြင်းဆိုင်ရာ ကန့်သတ်ချက်

မည်သည့်အခြေအနေတွင်မဆို ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို Myanmar ICT Solutions Limited အား ကြိုတင် အသိပေးထား လင့်ကစား ဤသဘောတူညီမှုကြောင့် သို့မဟုတ် ဤသဘောတူညီမှုနှင့် စပ်လျဉ်းကာ ပေါ်ပေါက်လာသည့် (Myanmar ICT Solutions Limited ၏ ဆာဗာများ လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ခြင်း အပါအဝင်) ဝန်ဆောင်မှုများကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြုနိုင်စွမ်းမရှိခြင်းကြောင့် (သို့မဟုတ်) လုပ်ဆောင်မှု ပုံစံများနှင့် သက်ဆိုင်မှုမရှိဘဲ (ပေါ့ဆမှုအပါအဝင်) စာချုပ်ချုပ်ဆိုခြင်း၊ တရားမနစ်နာမှု (အကျိုးအမြတ်များ ဆုံးရှုံးမှု၊ ဝက်ဘ်စာမျက်နှာရှိ အချက်အလက်များ၊ အီးမေးလ်အချက်အလက်မှားနှင့်/ သို့မဟုတ် သိုမှီးထားသော အချက်အလက်များ ပျက်စီးခြင်း သို့မဟုတ် ဖျက်ဆီးပစ်လိုက်ခြင်းတို့နှင့် ဆက်စပ်သည့် ထိခိုက်နစ်နာမှုများအပါအဝင်) တိုက်ရိုက်၊ မတော်တဆ၊ ဆိုးရွားသော သို့မဟုတ် အခြားနောက်ဆက်တွဲ ထိခိုက်မှုများ အတွက် Myanmar ICT Solutions Limited သည် တာဝန်မရှိချေ။ မည်သည့် အခြေအနေတွင် မဆို Myanmar ICT Solutions Limited ၏ အများဆုံး ခံယူရမည့်တာဝန် သည် သင်က Myanmar ICT Solutions Limited အား ဝန်ဆောင်မှုအတွက် လွန်ခဲ့သော (၁၂) လအတွင်းပေးထားသည့် ပမာဏထက် မကျော်လွန်ချေ။ ပြည်တွင်း ဥပဒေအရ ပြဌာန်းထားသည့် အတိုင်းအတာအထိ နောက်ဆက်တွဲနှင့် မတော်တဆ ထိခိုက်နစ်နာမှုများအတွက် Myanmar ICT Solutions Limited ၏ တာဝန်ခံယူရမည့် တာဝန်ကို ကန့်သတ်ထားသည်။

လျော်ကြေးပေးဆောင်ခြင်း

ဝန်ဆောင်မှုအား အသုံးပြုမှု၊ ဤသဘောတူညီမှုပါ မည်သည့် အကြောင်းအရာကိုမဆို ဖောက်ဖျက်မှု သို့မဟုတ် Myanmar ICT Solutions Limited ၏ ဆာဗာများတွင် အချက်လက်များ ထားရှိခြင်း သို့မဟုတ် လွှဲပြောင်း ထားရှိခြင်း များကြောင့်ဖြစ်ပေါ်လာသည့် ပြင်ပအခြားပုဂ္ဂိုလ်၏ ပြောကြားမှု၊ လုပ်ဆောင်မှု၊ သို့မဟုတ် တောင်းဆိုမှု များအတွက် တာဝန်ခံရမှုများ၊ ဆုံးရှုံးမှုများ၊ ထိခိုက်မှုများ သို့မဟုတ် သင့်လျော်သည့် ရှေ့နေငှားရမ်းခ အပါအဝင် ငွေကြေး ကုန်ကျမှုများအတွက် သင်သည် Myanmar ICT Solutions Limited နှင့် ၎င်းအဖွဲ့အစည်းတွင် ပါဝင်သူများ၊ ဒါရိုက်တာများ၊ အရာရှိများ၊ ဝန်ထမ်းများနှင့် အေးဂျင့်များအား လျော်ကြေးပေးဆောင်ခြင်း၊ ၎င်းတို့မှ ကာကွယ်ပေးခြင်းနှင့် ဘေးမဖြစ်စေခြင်းတို့ကို ဆောင်ရွက်ရန် သဘောတူသည်။ ထိုတာဝန်ခံယူမှုများတွင် အောက်ပါတို့ ပါဝင်သည်။ (က) သင့်စီးပွားရေးနှင့်ဆက်လျဉ်းကာ (၁) အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရးများကို ချိုးဖောက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုလုပ်ခြင်း၊ (၂) အသရေဖျက်မှု၊ မှားယွင်းသော သတင်းအချက်အလက် ထုတ်ပြန်မှု၊ ညစ်ညမ်းမှု၊ ညစ်ညမ်းစာအုပ်၊ ရုပ်ရှင်စသည်များပြသမှု၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာ (သို့မဟုတ်) သတင်းပြန်ကြားရေးဆိုင်ရာ အခွင့်အရေးများချိုးဖောက်မှု၊ သို့မဟုတ် (၃) နှောက်ယှက်မှု သို့မဟုတ် အခြား စော်ကားသော၊ အနှောင့်အယှက်ပေးသော သို့မဟုတ် တရားမဝင်သော လုပ်ဆောင်မှု၊ သို့မဟုတ် ဤတွင် ဖော်ပြထားသည့် သို့မဟုတ် အနှောင့်အယှက် မပေးခြင်းဆိုင်ရာ ပေါ်လစီတွင် ဖော်ပြထားသည့် အကြုံးဝင်သည့် အချက်များကို ဖောက်ဖျက်မှု၊ (ခ) သင်ကိုယ်တိုင်၊ သင့်ကိုယ်စားလှယ်၊ သို့မဟုတ် သင်ကတာဝန်လွှဲပြောင်း ပေးအပ်ထားသူ တို့ကြောင့် Myanmar ICT Solutions Limited ၏ ကိရိယာပစ္စည်းများ၊ သို့မဟုတ် အခြား ဝန်ဆောင်မှု အသုံးပြုသူများအား ထိခိုက်နစ်နာပျက်စီးစေခြင်း၊ (ဂ) Myanmar ICT Solutions Limited ကလုံးလုံးလျားလျား လျစ်လျူရှုမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ မှားယွင်းလုပ်ဆောင်မှု တို့ကြောင့်ဖြစ်ပေါ်သည့် ထိခိုက် နာကျင်မှု သို့မဟုတ် ပစ္စည်းကိရိယာပျက်စီးမှု မဟုတ်သည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသည့် သင့်လုပ်ဆောင်မှုများ ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နာကျင်မှု သို့မဟုတ် ပစ္စည်းကိရိယာထိခိုက်မှု။

ဥပဒေရွေးချယ်မှု

ဤသဘောတူညီမှုကို အခြားဥပဒေဖော်ပြချက်များနှင့် မသက်ဆိုင်ဘဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ၏ ဥပဒေများ နှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။ ဤသဘောတူညီမှုကို ဖောက်ဖက်ခြင်းအတွက် သဘောတူညီ ထားသည့် ပုဂ္ဂိုလ်နှစ်ဦးကြား အရေးယူမှုအားလုံး သို့မဟုတ် ထိုသို့ ဖောက်ဖျက်ခြင်းနှင့် စပ်လျဉ်းသည့် အရေးယူမှု သို့မဟုတ် တောင်ဆိုမှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တရားရုံးများတွင် တင်ပြ ရင်ဆိုင်ရမည် ဖြစ်သည်။ ဤသဘောတူညီမှုအရ ဤသဘောတူညီမှုကို လက်ခံသဘောတူ ထားသည့် ပုဂ္ဂိုလ်နှစ်ဦးသည် ထိုတရားရုံးများတွင် တရားရင်ဆိုင်ရန် သဘောတူညီပြီး ဝန်ဆောင်မှုများကို စာဖြင့်လက်ခံရန် သဘောတူ၍ တရားရင်ဆိုင်မှု သို့မဟုတ် နေရာနှင့် စပ်လျဉ်းကာ ကန့်ကွက်ရန်မရှိပါ။

Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှုများ

Myanmar ICT Solutions Limited သည် ဝန်ဆောင်မှုအသုံးပြုသူများ http အင်တာနက် အကြောင်းအရာ များကို အများပြည်သူ တို့ထံ တင်ပြနိုင်ရန် ရည်ရွယ်ချက် အတွက် ၎င်းတို့၏ အဖွဲ့ဝင်များအား အင်တာနက် ဆာဗာငှားရမ်း ဝန်ဆောင်မှု ပေးမည်ဖြစ်သည်။ ဝန်ဆောင်မှုသည် Myanmar ICT Solutions Limited ၏ အဖွဲ့ဝင်များအား အင်တာနက် ဝက်ဘ်စာမျက်နှာကို ထိန်းသိမ်းခြင်း၊ အီးမေးလ် အကောင့်များကို ရယူပြီး ထိန်းသိမ်းခြင်း နှင့် ၎င်းတို့၏ ဝက်ဘ်စာမျက်နှာ ပေါ်တွင် အချက်အလက်များ ထားရှိရန် FTP မှတစ်ဆင့် ကွန်ရက် နေရာများကို ရယူနိုင်ရန် ကူညီပေးမည် ဖြစ်သည်။ Myanmar ICT Solutions Limited အဖွဲ့ဝင်များသည် ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ဝန်ဆောင်မှုများကို ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှုများ ကိုသာပေးမည်ဖြစ်ပြီး လိုအပ်သည်ထက်ပို၍ အချက်အလက်များကို ပြုပြင်ခြင်း၊ ထိန်းချုပ်ခြင်း၊ စောင့်ကြည့်ခြင်း သို့မဟုတ် ကန့်သတ် တားမြစ်ခြင်းများကို ပြုလုပ်မည် မဟုတ်ချေ။ Myanmar ICT Solutions Limited သည် ၎င်း၏ လက်ရှိငွေပေးချေကာ ဝန်ဆောင်မှု အသုံးပြုသူများကို ကာကွယ်ရန်အတွက် အခြား အလားအလာရှိသည့် နှင့်/သို့မဟုတ် လက်ရှိဝန်ဆောင်မှု အသုံးပြုများအား ဝန်ဆောင်မှုပေးရန် ငြင်းဆိုပိုင်ခွင့်ရှိသည်။ အောက်ဖော်ပြပါ စည်းကမ်းဖောက်ဖျက်မှုများကို ကျူးလွန်ပါက Myanmar ICT Solutions Limited သည် ကြိုတင်အကြောင်းကြား ခြင်းမရှိဘဲ ဝန်ဆောင်မှု ရယူသူ၏ အကောင့်ကို ရပ်စဲနိုင်သည်။

myanmarictsolutions.pro သည် အီးမေးလ် ၊ chat နှင့် ဖုန်းများမှတစ်ဆင့် ဝန်ဆောင်မှု အသုံးပြုသူများ အား ဝက်ဘ်စာမျက်နှာ အသုံးပြု ထိန်းသိမ်းခြင်းဆိုင်ရာ ပံ့ပိုးမှုများ ပေးလျှက်ရှိပါသည်။ myanmarictsolutions.pro နှင့် ဝန်ဆောင်မှုရယူရန် သဘောတူညီမှုကို လက်ခံသဘောတူလိုက်ခြင်းဖြင့် အခြား myanmarictsolutions.pro ၏ ဝန်ဆောင်မှုရယူသူများ နှင့် myanmarictsolutions.pro ၏ ဝန်ထမ်း သို့မဟုတ် ကန်ထရိုက်တာများအား နှုတ်ဖြင့် ဖြစ်စေ၊ ကိုယ်ဖြင့်ဖြစ်စေ၊ အီးမေးလ်၊ တိုက်ရိုက် အွန်လိုင်းပေါ်မှ စကားပြောခြင်း နှင့် ဖုန်းများမှ တစ်ဆင့်ဖြစ်စေ စော်ကားခြင်းများကို မပြုလုပ်ရ။

Myanmar ICT Solutions Limited သည် သင့်အကောင့်နှင့် ပတ်သက်၍၊ အထူးကမ်းလှမ်းချက်များနှင့် ကြော်ငြာများကို ရံဖန်ရံခါ အီးမေးများပေးပို့ပါမည်။ သင်သည် ထိုအီးမေးလ်များ၏ အောက်တွင် ပါဝင်သည့် ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ကာ ထိုအီးမေးလ်များ သင့်ထံနောက်ထပ် မပို့အောင် ပြုလုပ်နိုင်ပါသည်။

ဝန်ဆောင်မှုအသုံးပြုသူ၏ အချက်အလက်များ

ဝန်ဆောင်မှု အသုံးပြုသူသည် ဆာဗာများတွင် ထားရှိသည့် ဝက်ဘ်စာမျက်နှာများနှင့် ဖိုင်များသည် ပြည်နယ်၊ အမျိုးသား သို့မဟုတ် ပြည်ပဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း မရှိကြောင်း၊ Myanmar ICT Solutions Limited သို့မဟုတ် အခြားပြင်ပ ပုဂ္ဂိုလ်များ၏ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများကို မဖောက်ဖျက်ကြောင်း၊ အသရေဖျက်ခြင်း၊ မဟုတ်မမှန် ပြောဆိုခြင်း သို့မဟုတ် သတင်းအမှားများ ထုတ်ပြန်ခြင်းများ မဟုတ်ကြောင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ပုတ်ခတ်ပြောဆိုခြင်းများ မဟုတ်ကြောင်း၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမျိုး၊ အသက်အပိုင်း အခြားအရ ခွဲခြားခြင်းမရှိကြောင်း၊ အမုန်းတရားများကို ပျံနှံ့စေခြင်း မဟုတ်ကြောင်း၊ Myanmar ICT Solutions Limited သို့မဟုတ် အခြား ပြင်ပပုဂ္ဂိုလ်များကို ထိခိုက်စေနိုင်သည့် ဗိုင်းရပ်စ် သို့မဟုတ် ကွန်ပျူတာ ပရိုဂရမ်ဆိုင်ရာ ချို့ယွင်းချက်များ မပါရှိကြောင်း သဘောတူညီရမည်။ ဝန်ဆောင်မှုရယူ သူများသည် IRC သို့မဟုတ် စက်ရုပ်များ သို့မဟုတ် ဝန်ဆောင်မှုရယူသူများကို အသုံးမပြုရ။ ဝန်ဆောင်မှု အသုံးပြုသူများသည် ၎င်းတို့၏ ဝက်ဘ်စာမျက်နှာများနှင့် မသက်ဆိုင်သည့် အချက်အလက်များ ကို Myanmar ICT Solutions Limited ၏ ဆာဗာများတွင် မထားရှိရ။ အချက်အလက်များ သိုလှောင်ရာ နေရာမှာ အသက်ဝင်နေသည့် ဝက်ဘ်စာမျက်နှာများ၏ အချက်အလက်များ အတွက်သာ ဖြစ်သည်။ Myanmar ICT Solutions Limited ၏ မျှဝေအသုံးပြုသည့် အကောင့်ပိုင်ရှင်များသည် ပြန်လည် ရောင်းချခြင်းမပြုရ။ ဆိုလိုသည်မှာ ဝန်ဆောင်မှု အသုံးပြုသူများသည် ၎င်းတို့ ဒိုမိန်းများတွင် Myanmar ICT Solutions Limited တွင် ၎င်းတို့အမည်ဖြင့် မှတ်တမ်းတင် ထားသည့် ဝက်ဘ်စာမျက်နှာများမှအပ အခြား ဝက်ဘက်စာမျက်နှာများကို မတင်ရ။ လက်မခံနိုင်သည့် အသုံးပြုမှုများတွင် အရွယ်အစား ကြီးမားသော မလိုလားအပ်သော အီးမေးလ်များ ပေးပို့ခြင်း၊ မလိုလားအပ်သော အီးမေးလ်များ ပေးပို့ခြင်း၊ သတင်းအဖွဲ့များအား နှောက်ယှက်ခြင်း၊ ကလေးသူငယ် ညစ်ညမ်းစာပေ၊ ရုပ်ရှင်များ၊ ကြမ်းတမ်းသော ညစ်ညမ်းစာပေ၊ ရုပ်ရှင်များ၊ သို့မဟုတ် ထိုဝက်ဘက် စာမျက်နှာများနှင့် ချိတ်ဆက်ခြင်းများ၊ မူပိုင်ခွင့် တင်ထားသည့် သီချင်း၊ MP3၊ ဗီဒီယိုများ၊ တရားမဝင် အကြောင်းအရာများ၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်မှု၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်မှု၊ warz၊ torrent နှင့် torrent ဖိုင်များ၊ crack များ၊ ဆော့ဖ်ဝဲများ၏ အမှတ်စဉ်၊ proxy (များ) နှင့် ရုပ်ပုံ/ဖိုင် မျှဝေသည့် ဝက်ဘက်စာမျက်နှာများ။ Myanmar ICT Solutions Limited သည်သာလျှင် ဤပေါ်လစီကို ချိုးဖောက်ခြင်းတွင် မည်သည်များ ပါဝင်သည်ကို တစ်ဦးတည်းသော ဆုံးဖြတ်သူဖြစ်သည်။ Myanmar ICT Solutions Limited သည် ပုံမှန်အားဖြင့် ဝန်ဆောင်မှု အသုံးပြုသူများ၏ ဆာဗာရှိ အကြောင်းအရာ များကို စောင့်ကြည့်လေ့မရှိချေ။ သို့သော် သံသယဖြစ်ဖွယ် ဖြစ်ရပ်များရှိပါက Myanmar ICT Solutions Limited သည် စုံစမ်းစစ်ဆေး ပိုင်ခွင့်ရှိပြီး ဝန်ဆောင်မှုပေးခြင်းမှ ရပ်တန့်ပိုင်ခွင့်ရှိသည်။

အကန့်အသတ်မရှိသော ဝန်ဆောင်မှုများ

“အကန့်အသတ်မရှိ အချက်အလက်သိုလှောင်ခွင့်နှင့် bandwidth/အချက်အလက် ရွေ့ပြောင်းမှု” ဆိုသည်မှာ အဘယ်နည်း။

“အကန့်အသတ်မရှိ” ဟု ပါရှိသည့် အစီအစဉ်များတွင် အချက်အလက် သိုလှောင်ခွင့်နှင့် bandwidth (အချက်အလက် ရွေ့ပြောင်းမှု) များတွင် ကန့်သတ်ချက်များမရှိပါ။ ကျွန်ုပ်တို့သည် သင့်အား ထူးခြား ကောင်းမွန်သော အွန်လိုင်းပေါ်တွင် တည်ရှိမှုတစ်ခုကို တည်ဆောက်ဖန်တီးနိုင်ရန် အသုံးပြုနိုင်သည့် အရင်းအမြစ် များကို ပေးစွမ်းလိုသည်။

ကျွန်ုပ်တို့သည် သင့်ကို အောင်မြင်စေလိုသည်မှာ အမှန်ပင်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ရယူသူများ အားလုံးသည် အကောင်းဆုံး ဝန်ဆောင်မှုများကို အသုံးပြုနေသည်ကို လည်း သေချာစေလိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အသုံးပြုသူများ အားလုံးသည် ပေါများသော အရင်းအမြစ်အသုံးပြုသူ ပေါ်လစီ/ သဘောတူညီမှုများကို လိုက်နာကာ ကိုယ်ပိုင် သို့မဟုတ် သေးငယ်သောစီးပွားရေးပိုင် ဝက်ဘ်စာမျက်နှာကို ပုံမှန်လည်ပတ် ဆောင်ရွက်မှုနှင့် ပတ်သက်သည့် သိုလှောင်ရန်နေရာနှင့် အချက်အလက် ရွေ့ပြောင်းမှုများကို အသုံးပြုရန် လိုအပ်သည်။

ဝန်ဆောင်မှုအသုံးပြုသူ၏ အကောင့်သည် ဝန်ဆောင်မှုအသုံးပြုသူ၏ အချက်အလက် ပေါများသော အရင်းအမြစ် အသုံးပြုသူ ပေါ်လစီကို ဖောက်ဖျက်ကာ ရေရှည်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဖိုင်များကို သိုလှောင် ထားရှိသည်ကို တွေ့ရှိရပါက အချက်အလက်များကို ဖယ်ရှားမည်ဖြစ်သည်။ ထိုသို့ဖယ်ရှားရာတွင် ဝန်ဆောင်မှု အသုံးပြုသူကို မဖယ်ရှားမီတွင် အကြောင်းကြားရန် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်သော်လည်း အကြောင်းမကြား၍လည်း ဖယ်ရှားနိုင်သည်။

အရင်းအမြစ်များကို အများအပြား အသုံးပြုသူပေါ်လစီ

အရင်းအမြစ်ဟူသည်မှာ သိုမှီးရန်နေရာ၊ bandwith နှင့်/သို့မဟုတ် တွက်ချက်ခြင်းဆိုင်ရာ အရင်းအမြစ်များ (CPU ၊ memory ၊ disk i/o ၊ ဖိုင်/inodes အရေအတွက်) တို့ဖြစ်သည်။ Myanmar ICT Solutions Limited သည် နေရာတစ်ခုရှိ ဝန်ဆောင်မှုအသုံးပြုသူများက အခြားဝန်ဆောင်မှု အသုံးပြုသူများထံ အရင်းအမြစ်များကို ဝေမျှနိုင်သည့် ဝေမျှဝန်ဆောင်မှုကို ပေးသည်။ ထို့ကြောင့် Myanmar ICT Solutions Limited သည် အရင်းအမြစ် တစ်ခုတည်း ကိုအသုံးပြုနေသည့် အခြား ဝန်ဆောင်မှု အသုံးပြုသူများအတွက် ဝန်ဆောင်မှု အရည်အသွေးကို ထိခိုက်စေနိုင်သည့် မလိုအပ်ဘဲ အများအပြား အသုံးပြုမှုများကို ထိန်းချုပ်ရန် လိုအပ်သည်။ အကောင့်တစ်ခုသည် ဝယ်ယူထားသည့် အစီအစဉ်အရ ရယူနိုင်သည့် အရင်းအမြစ်များ နှင့်/သို့မဟုတ် ဝယ်ယူထားသည့် “တွက်ချက်မှုဆိုင်ရာ အရင်းအမြစ်များ” နှင့်/သို့မဟုတ် “အရင်းအမြစ်များ” နှင့်/သို့မဟုတ် “အရင်းအမြစ်အသုံးပြုမှု” ဟုခေါ်ဆိုသည့် တိုင်းတာနိုင်သော အရင်းအမြစ် ထပ်တိုး အသုံးပြုမှုများ၏ ၁၀၀% ကိုအသုံးပြုနေပါက “အရင်းအမြစ်များကို မလိုအပ်ဘဲ အများအပြား အသုံးပြုခြင်း” ဟုမှတ်ယူသည်။ ထိုကဲ့သို့သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းကိစ္စရပ် များစွာရှိသည်။ ၎င်းတို့တွင် cgi scripts, FTP, HTTP စသည်တို့ပါဝင်သည်။ ထိုကဲ့သို့သော အခြားဝန်ဆောင်မှု အသုံးပြုသူများအတွက် အနှောင့်အယှက် မဖြစ်စေရန် ပါဝင်သည့် တွက်ချက်မှုဆိုင်ရာ အရင်းအမြစ်များ ထက်ပိုမိုအသုံးပြုသည့် အကောင့်များကို ပိုမိုအသုံးပြုထားသည့် အချိန်နှင့် ညီမျှသည့် အချိန်တွင်း လုပ်ဆောင်မှုများကို အလိုလျှောက် အရှိန်နှေး စေမည်ဖြစ်သည်။ Myanmar ICT Solutions Limited သည် ထိုကဲ့သို့ ယာယီရပ်ဆိုင်းမှု များကို ဝန်ဆောင်မှု အသုံးပြုသူများထံ ကြိုတင်အကြောင်းကြားရန် ထိုက်လျောက်သော အားထုတ်မှုကို ပြုမည်ဖြစ်သော်လည်း အခြားဝန်ဆောင်မှု အသုံးပြုသူများအား အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေများတွင် ထိုကဲ့သို့ အနှောင့်အယှက် ဖြစ်စေသည့် အကောင့်များအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရပ်ဆိုင်းနိုင်သည်။ “အရင်းအမြစ်များကို မလိုအပ်ဘဲ အများအပြား အသုံးပြုနေသည့်” ဝန်ဆောင်မှု အသုံးပြုသူများအား ၎င်းတို့၏ ဝန်ဆောင်မှု အစီအစဉ်ကို ပိုမိုသင့်လျော်သည့် ပရီမီယံ အကောင့်၊ သီးခြားဆာဗာ သို့မဟုတ် တစ်ဦးတည်းပိုင် ဆာဗာကဲ့သို့သော အစီအစဉ်သို့ ပြောင်းလဲရန် ပြောကြားမည်ဖြစ်သည်။ Myanmar ICT Solutions Limited သည်သာလျှင် ဤပေါ်လစီကို ချိုးဖောက်သည်၊ မချိုးဖောက်သည်ကို ဆုံးဖြတ်နိုင်သည်။ ဝန်ဆောင်မှု အသုံးပြုသူများ၏ အရင်းအမြစ် အသုံးပြုမှုများကို control panel တွင် ဖော်ပြထားသည်။

မနှောင့်ယှက်ခြင်း

ကျွန်ုပ်တို့၏ ကွန်ယက် သို့မဟုတ် Myanmar ICT Solutions Limited နှင့် ဆက်စပ်မှုရှိသည့် ဆာဗာများမှ UCE/UBE သို့မဟုတ် “နှောက်ယှက်ခြင်း” ကို လက်မခံပါ။ ၎င်းတွင် Myanmar ICT Solutions Limited ကွန်ရက်၏ ဆာဗာရှိ ဝက်ဘ်စာမျက်နှာကို Myanmar ICT Solutions Limited အကောင့်နှင့် မသက်ဆိုင်သည့် အီးမေးလ်လိပ်စာမှ ကြေငြာသည့် အီးမေးလ်ကို ပေးပို့ခြင်းပါဝင်သည်။ ဝန်ဆောင်မှုအသုံးပြုသူများသည် Myanmar ICT Solutions Limited ကို အသုံးပြုပြီး လုပ်ငန်းစဉ်တွင် ကွင်းဆက်ပေးပို့သည့်စာများ ၊ မလိုအပ်သည့် မေးလ်၊ အရွယ်အစားကြီးသည့်အီးမေးလ် သို့မဟုတ် ပါဝင်ရန် ခွင့်ပြုချက်ပေးထားခြင်း မရှိသူများထံ စာရင်းများဖြန့်ဝေမှုများကို မပြုလုပ်ရ။ Myanmar ICT Solutions Limited သည် ထိုကဲ့သို့သော လုပ်ရပ်များကို ပြုလုပ်နေသည့် မည်သည့်အကောင့်ကိုမဆို ကြိုတင် အသိပေးခြင်း မရှိဘဲ ရပ်ဆဲပိုင်ခွင့်ရှိသည်။

အလွန်အကျူးအသုံးပြုခြင်း

Myanmar ICT Solutions Limited သည် ပြင်ပမှအခြားပုဂ္ဂိုက်များ၏ script များကို သင့်ဝက်ဘက်အကောင့်တွင် ကျွန်ုပ်တို့၏ auto-installer သို့မဟုတ် (auto-installer တွင်ပါဝင်သည့်/မပါဝင်သည့် script များကို) ကိုယ်တိုင် တင်ခြင်းကို ခွင့်ပြုသည်။ ဝန်ဆောင်မှုအသုံးပြုသူများသည် နောက်ဆုံးပေါ် အလွန်အကျူးအသုံးမပြုသည့် script များကို အသုံးပြုရန် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ဆာဗာပေါ်သို့ ဝန်ဆောင်မှု အသုံးပြုသူက တင်လိုက်သည့် script သည် လုံခြုံရေးဆိုင်ရာ ဟာကွက်များ ဖြစ်ပေါ်စေပြီး အခြားပြင်ပ ပုဂ္ဂိုလ်များက “အချက်အလက်များ ရယူခြင်း”၊ “အလွန်အကျူး အသုံးပြုခြင်း” ၊ “ဖျက်ဆီးခြင်း” တို့ကို ပြုလုပ်နိုင်ပါက ထို script ကို ဖယ်ရှားရန် ဝန်ဆောင်မှု အသုံးပြုသူတွင် တာဝန်ရှိသည်။ myanmarictsolutions.pro သည် ထိုဝန်ဆောင်မှုအသုံးပြုသူ၏ အကောင့်ကို ရပ်စဲကာ အချိုးကျငွေပြန်အမ်းနိုင်သည်။

မှားယွင်းသော သတင်းအချက်အလက်

ဝန်ဆောင်မှု အသုံးပြုသူများသည် သတင်းအဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကာ များယွင်းသော သို့မဟုတ် မတိကျသော သတင်းအချက်အလက်များကို သတင်းအဖွဲ့များတွင် ဖော်ပြခြင်း မပြုလုပ်ရန် သဘောတူသည်။ ဝန်ဆောင်မှုအသုံးပြုသူ၏ လူ့ကျင့်ဝတ်ကို သွေဖည်သော၊ မဟုတ်မှန်သော၊ တရားမဝင်သော လုပ်ဆောင်မှုများကို သတင်းအဖွဲ့များ သို့မဟုတ် ဝန်ဆောင်မှု ပေးသူများက ဆက်သွယ် ပြောကြားလာပါက Myanmar ICT Solutions Limited သည် သင့်ကိုပေးနေသည့် ဝန်ဆောင်မှုကို ကြိုတင် အကြောင်းကြားပြီး ဖြစ်စေ၊ အကြောင်းမကြားဘဲ ဖြစ်စေ ရပ်ဆဲ သို့မဟုတ် ရပ်ဆိုင်းနိုင်သည်။

မှတ်ပုံတင်သော ဆော့ဖ်ဝဲများသာ

ဝန်ဆောင်မှုအသုံးပြုသူသည် ဝန်ဆောင်မှု အသုံးပြုသူများနှင့်ပတ်သက်၍ ကောင်းမွန်သော ပြင်ပ အခြား ပုဂ္ဂိုလ်၏ ဆော့ဖ်ဝဲကိုသာ အသုံးပြုရန် သဘောတူသည်။

အရန်အချက်အလက်

Myanmar ICT Solutions Limited သည် အကောင့်၏ အချက်အလက်များအတွက် အရံအချက် အလက်များကို ဖန်တီးရန် လိုအပ်သည့် ကိရိယာများကို ပေးသည်။ Myanmar ICT Solutions Limited သည် ၎င်း၏ ဝက်ဘ်စာမျက်နှာနှင့် အချက်အလက် သိုလှောင်သည့် နေရာများအတွက် အရန်အချက်အလက်များကို ထားရှိပြီး သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးမှုများအတွက် ၂၄ နာရီစာ မိတ္တူထားရှိပေးသည်။ ဝန်ဆောင်မှု အသုံးပြုသူများသည် အချိန်နှင့် တပြေးညီ အချက်အလက်များကို သိုလှောင်ကာ အရန်ထားရှိရန် တာဝန်ရှိသည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှု အသုံးပြုသူများတွက် ၎င်းတို့၏ ဝက်စာမျက်နှာ အချက်အလက်များ၏ မှတ်တမ်းများ သို့မဟုတ် မိတ္တူများကို မထားရှိပါ။ ထို့ပြင် Myanmar ICT Solutions Limited သည် ဟာဒ်ဝဲပျက်စီးခြင်း၊ အရန်အချက်အလက်များ ပျက်စီးခြင်း၊ အချက်အလက်များ ရယူခြင်း သို့မဟုတ် မတော်တဆ ဖျက်မိခြင်း တို့ကြောင့် အချက်အလက် ပျောက်ဆုံးမှုများအတွက် တာဝန်မရှိပါ။ Myanmar ICT Solutions Limited သည် သီးခြား ဆာဗာများ နှင့်/သို့မဟုတ် တစ်ဦးတည်းပိုင်ဆာဗာများအတွက် အရန်အချက်အလက်များ မထားရှိပေးပါ။

ငွေပေးချေမှုဆိုင်ရာသတ်မှတ်ချက်များ

ဝန်ဆောင်မှုကို မရယူမီ ငွေကို ကြိုတင်ကာ အပြည့်ပေးချေရမည်။ Myanmar ICT Solutions Limited သည် ငွေပေးချေရမည့် အချိန်များတွင် ငွေတောင်းခံလွှာ များကို ပေးပို့သည်။ သင်သည် (၅) ရက်အတွင်း ထိုငွေတောင်းခံလွှာပါ ကျသင့်ငွေကို အပြည့်ပေးချေရမည်။

သင်သည် အမှာစာ (သို့မဟုတ် Myanmar ICT Solutions Limited ကတောင်းခံထားသည့် အခြားအချက်အလက်များ) တွင် ဖော်ပြထားသည့် အချက်အလက်များသည် တိကျပြီး မှန်ကန်ကြောင်း အာမခံသည်။ ငွေပေးချေ ရမည့် အချိန်ရောက်ကြောင်း အကြောင်းကြားချက်များကို အီးမေးလ်ဖြင့် ပေးပို့မည်ဖြစ်သည်။ စာတိုက်မှ သို့မဟုတ် ဖက်စ်ဖြင့် မည်သည့် ငွေတောင်းခံလွှာ သို့မဟုတ် ကျသင့်ငွေစာရင်းကို ပေးပို့မည် မဟုတ်ချေ။ ငွေပေးချေရမည့်နေ့ ထက်နောက်ကျကာ ငွေပေးချေခြင်းမရှိပါက သင့်အကောင့်ကို ရပ်ဆိုင်းမည်ဖြစ် သည်။ ဝန်ဆောင်မှု အသုံးပြုသူများသည် Myanmar ICT Solutions Limited ထံ သက်တမ်းတိုးသည့် ရက်စွဲမတိုင်မီ တွင် ငွေပေးချေရန် တာဝန်ရှိသည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှု အသုံးပြုသူများထံ သက်တမ်းတိုးသည့် ရက်စွဲမတိုင်မီတွင် သက်တမ်းတိုးခြင်းအတွက် အကြောင်းကြားစာများကို ပေးပို့သော်လည်း ဝန်ဆောင်မှု အသုံးပြုသူများသည် Myanmar ICT Solutions Limited ထံအကြောင်းမကြားဘဲ ဆက်သွယ်ရမည့် အီးမေးလ်လိပ်စာကို ပြောင်းလဲနိုင်သည့် အတွက် ဝန်ဆောင်မှုအသုံးပြုသူသည် သက်တမ်းတိုး ရမည့်ရက်စွဲကို အမှတ်ရပြီး သက်တမ်းတိုးခြင်း အတွက် ငွေပေးချေရန် တာဝန်ရှိသည်။ အကောင့်အား ကောင်းမွန်စွာ အသုံးပြုရန် နှင့်/သို့မဟုတ် ဝန်ဆောင်မှု သက်တမ်းတိုးရန် ပျက်ကွက်ပါက သက်တမ်းတိုးခြင်းအတွက် ငွေအပြည့်ပေးချေ ပြီးသည့်အချိန်အထိ အကောင့် နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို ရပ်ဆိုင်းထားမည် ဖြစ်သည်။

သက်တမ်းတိုးခြင်း

၎င်းတို့၏အကောင့် သက်တမ်းတိုးရမည့် အချိန်ကို ဝန်ဆောင်မှုအသုံးပြုသူများက သိရှိရန်လိုအပ်ပြီး အကောင့်ကို သက်တမ်း မတိုးလိုပါက ငွေတောင်းခံသည့်ဌာနမှ သက်တမ်းတိုး အခကြေးငွေများ ကောက်ခံမှုကို ရပ်ဆိုင်းနိုင်ရန်အတွက် သက်တမ်းတိုးရမည့် ရက်မတိုင်မီ ရုံးဖွင့်ရက် (၅) ရက်အတွင်း Myanmar ICT Solutions Limited ပယ်ဖျက်ခြင်း လျှောက်လွှာကို တင်သွင်းရမည်ဖြစ်သည်။ Myanmar ICT Solutions Limited ဝန်ဆောင်မှု အသုံးပြုသူများသည် ၎င်းတို့အကောင့် သက်တမ်းတိုးရမည့် ရက်မတိုင်ခင် (၁၀) ရက်တွင် ၎င်းတို့အကောင့်ကို သက်တမ်းတိုးရမည့် ရက်နီးကပ်နေပြီ ဖြစ်ကြောင်း အကြောင်းကြားသည့် အီးမေလ်ကို ရရှိမည်ဖြစ်သည်။ Myanmar ICT Solutions Limited တွင် ဝန်ဆောင်မှု အသုံးပြုသူများထံ အကြောင်းကြားစာ များကို ပေးပို့နိုင်ရန်အတွက် မှန်ကန်သော အီးမေးလ်လိပ်စာများ ရှိရန်မှာ ဝန်ဆောင်မှု အသုံးပြုသူများတွင် တာဝန်ရှိသည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှုသက်တမ်း တိုးခြင်းမတိုင်ခင် ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြု တော့ကြောင်း အကြောင်းကြားချက်ကို မရရှိပါက Myanmar ICT Solutions Limited သည် သက်တမ်းတိုးသည့်ရက်မတိုင်ခင် ၂၄ နာရီအတွင် ဝန်ဆောင်မှုအသုံးပြုသူ၏ အကောင့်ကို သက်တမ်းတိုးမည်ဖြစ်ပြီး ထိုက်လျှောက်စွာ ငွေကောက်ခံမည် ဖြစ်သည်။ အကောင့်များကို သက်တမ်းတိုးရမည့်နေ့တွင် အလိုအလျှောက် သက်တမ်းတိုး သွားမည်ဖြစ်ပြီး (ဝန်ဆောင်မှုအသုံးပြုသူ စတင်အသုံးပြုသည့် ရက်စွဲနှင့် သက်တမ်းတိုးသည့် ရက်စွဲအတွင်း အစီအစဉ် ပြောင်းလဲမှု သို့မဟုတ် အဆင့်မြှင့်တင်မှုများကို မပြုလုပ်ပါက) ဝန်ဆောင်မှုအသုံးပြုသူ အသုံးပြုရန် စတင်ဝယ်ယူ ထားသည့်အစီအစဉ်အရ ကျသင့်ငွေများကို ကောက်ခံမည်ဖြစ်သည်။ ထိုကဲ့သို့သော ငွေပမာဏကို ကောက်ခံရံ လုံလောက်သော ရံပုံငွေမရှိပါက သင်သည် Myanmar ICT Solutions Limited အား သင့်အကောင့်ကို ထပ်တလဲလဲ ပေးချေမှုအစီအစဉ်တွင် ထည့်သွင်းရန် သဘောတူသည်။ ထိုအစီအစဉ်အရ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူရာတွင် အနှောင့်အယှက် မဖြစ်စေဘဲ ဝက်ဘက်စာမျက်နှာအချက်အလက်၊ domain စာရင်းသွင်းခြင်း စသည်ကဲ့သို့သော အသိဉာဏ်ပစ္စည်းများ မတောတဆဆုံးရှုံးမှုမှ ကာကွယ်ပေးရန် စုစုပေါင်း ငွေပမာဏ၏ တစ်စိတ်တစ်ပိုင်းကို ကောက်ခံမည်ဖြစ်သည်။ (၇) ရက်အတွင်း ငွေပြန်အမ်းခြင်း အာမခံသည် ဝန်ဆောင်မှု အသုံးပြုသူများက ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် ရက်စွဲတွင်သာ အကျုံးဝင်ပြီး ဝန်ဆောင်မှုကို သက်တမ်းတိုးချိန် များတွင် အကျုံးမဝင်ချေ။

နောက်ကျကြေး

ဝန်ဆောင်မှု ရယူသူများသည် ၎င်းတို့၏ Myanmar ICT Solutions Limited အကောင့်များသို့ ဝင်ရောက်ကာ ငွေတောင်းခံလွှာ များအတွက် ငွေပေးချေမှုများကို ပြုလုပ်နိုင်သည်။ ငွေပေးချေရမည့်ရက်တွင် ငွေပေးချေခြင်းမပြုလုပ်ထားသည့် ငွေတောင်းခံလွှာများကို စနစ်ထဲတွင် ရက်လွန်အဖြစ် သတ်မှတ်ထားသည်။ ငွေတောင်းခံလွှာတစ်ခုကို ၄ ရက်ထက်ကျော်လွန်ကာ ပေးချေခြင်း မပြုလုပ်ပါက အကောင့်ကို အလိုအလျောက် ရပ်ဆိုင်းမည်ဖြစ်ပြီး နောက်ကျ‌ကြေး ၁၅,၀၀၀ ကျပ်ကို ပေါင်းထည့်မည်ဖြစ်သည်။ ငွေပေးချေရမည့်ရက်မှ ၄ ရက်အတွင်း ငွေပေးချေရန်ပျက်ကွက်၍ ရပ်ဆိုင်းခံထားရသည့် အကောင့်ကို ပြန်လည်အသုံးပြုရန် Myanmar ICT Solutions Limited ထံ မူလ ငွေတောင်းခံလွှာပါ ပမာဏ နှင့်အတူ နောက်ကျကြေး ၁၅,၀၀၀ ကျပ်ကို ပေးချေရမည် ဖြစ်သည်။

ငွေကြေး

အခြားဖော်ပြချက်မပါရှိပါက ဝန်ဆောင်မှုများနှင့် ဆာဗာတည်နေရာများအားလုံးအတွက် တန်ဖိုးများအားလုံးကို မြန်မာငွေ (ကျပ်) ဖြင့် ဖော်ပြထားပါသည်။

ကူပွန်အသုံးပြုမှု

ရံဖန်ရံခါတွင် ဝန်ဆောင်မှု အသုံးပြုသူများထံ ကူပွန်များကို အသုံးပြုခွင့် ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ငွေကြေးကောက်ခံခြင်း ပုံစံကို ပြောင်းလဲပစ်နိုင်သည့် ပြင်ပမှအခြားကူပွန် application များကို အသုံးမပြုရ။ Myanmar ICT Solutions Limited သည် အကျုံးမဝင်ဟု ယူဆသည့် ကူပွန်ကုဒ်များကို ငြင်းပယ်ပိုင်ခွင့် ရှိသည်။ Myanmar ICT Solutions Limited သည် https://www.myanmarictsolutions.pro တွင် မှာယူမည့်အချိန်ရှိ အနည်းဆုံး ကြော်ငြာထားသည့် ဈေးကို ဖော်ပြထားမည်ဖြစ်သည်။

ပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်း

သင်သည် သင့်အကောင့်ကို အသက်ဝင်သည့် ရက်စွဲမှ ပထမဆုံး (၇) ရက်အတွင်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား ကျေနပ်ခြင်း မရှိပါက Myanmar ICT Solutions Limited သည် ဤသဘောတူညီမှုတွင် ဖော်ပြထားသည့် ငွေပြန်အမ်းခြင်း အာမခံအရ ကျသင့်ငွေများကို ပြန်လည်ပေးအပ် သွားမည်ဖြစ်သည်။ အကောင့်အသက်ဝင်သည့် ရက်စွဲမှာ (၇) ရက် ကျော်လွန်ကာ အသုံးပြုနေသည့် ဝန်ဆောင်မှု အသုံးပြုသူများအတွက် ငွေပြန်အမ်းမည်မဟုတ်ပါ။ သို့သော် သင်သည် သင့်အကောင့်ကို သက်တမ်းမတိုးရန် မည်သည့်အချိန်တွင်မဆို ပယ်ဖျက်နိုင်သည်။ ဝန်ဆောင်မှု အသုံးပြုခြင်းကို မပယ်ဖျက်မီတွင် ဝန်ဆောင်မှုပေးသူများ ထံဆက်သွယ်ကာ အချက်အလက်များကို အတည်ပြုရမည်။ သင့်အကောင့်ကို ဖျက်သိမ်းသည့် တစ်လလုံးအတွက် အခကြေးငွေ ကောက်ခံမည်ဖြစ်သည်။ ငွေကြေပမာဏ အနှုတ်ပြနေသည့် အကောင့်များအား အကြွေးကောက်ခံသည့် ဌာနထံသို့ လွှဲပြောင်းကာ domain အမည် မှတ်ပုံတင်ခြင်းအပါအဝင် ဝန်ဆောင်မှုများအားလုံးကို ရပ်စဲမည်ဖြစ်သည်။ Domain အမည် မှတ်ပုံတင်ခြင်းအတွက် ငွေပြန်အမ်းခြင်းမရှိပါ။ ကျွန်ုပ်တို့ထံသို့ domain အမည်များလွှဲပြောင်း ခြင်းသည် တစ်နှစ်ထပ်တိုး မှတ်ပုံတင်ရသည့်အတွက် domain အမည်မှတ်ပုံတင်ခြင်း ဟုသတ်မှတ်သည်။ Domain အမည်မှတ်ပုံတင်ခြင်းအတွက် ကျသင့်ငွေများကို ကျွန်ုပ်တို့၏ Domain အမည်မှတ်ပုံတင်ခြင်း အတွက်ဈေးနှုန်းများ စာရင်းတွင် ဖော်ပြထားသည်။ (၇) ရက်အတွင်း ငွေပြန်အမ်းခြင်းအာမခံအတွက် အကျုံးဝင်သည့် ဝန်ဆောင်မှု အသုံးပြုသူများအတွက် အစီအစဉ်အတွက် ကျသင့်ငွေစုစုပေါင်းမှ domain အမည်မှတ်ပုံတင်ခြင်း အတွက်ကျသင့်ငွေကို နှုတ်ကာ ပြန်လည်ပေးအပ်သွားမည် ဖြစ်သည်။

ထို့ပြင် domain အမည်၊ တစ်ဦးတည်းပိုင် IP များ၊ SSL လက်မှတ်များ၊ CDN ၊ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုများ စသည့် ထပ်တိုးဝန်ဆောင်မှုများ အတွက် ငွေပြန်အမ်းမည် မဟုတ်ပါ။ (၇) ရက် အတွင်း ပယ်ဖျက်ပါက အသက်ဝင်နေပြီ ဖြစ်သည့် အစီအစဉ်တွင် ပါဝင်သည့် ထပ်တိုးဝန်ဆောင်မှုများအတွက် ငွေပြန်အမ်းမည် မဟုတ်ပါ။

ဝက်ဘ်စာမျက်နှာ ဖိုင်များသည် Myanmar ICT Solutions Limited ၏ ဝန်ဆောင်မှုကို အသုံးပြုသူများ၏ တာဝန်ဖြစ်ပြီး ဝန်ဆောင်မှု အသုံးပြုရန် ပယ်ဖျက်ရန် ဆုံးဖြတ်ပါက Myanmar ICT Solutions Limited ထံ ပယ်ဖျက်ရန် အကြောင်းမကြားမီတွင် ၎င်းတို့၏ ဝက်ဘ်စာမျက်နှာရှိ ဖိုင်များနှင့် Myanmar ICT Solutions Limited ဆာဗာရှိ အီးမေးလ်များကို အရန်ထားရှိပြီး download ရယူထားရန်မှာ ဝန်ဆောင်မှု အသုံးပြုသူ၏ တာဝန်ဖြစ်သည်။ ဝန်ဆောင်မှု အသုံးပြုရန် ပယ်ဖျက်ရန် Myanmar ICT Solutions Limited ထံအကြောင်းကြားသည် နှင့်တစ်ပြိုင်နက် Myanmar ICT Solutions Limited က ထိုအကြောင်းကြားစာကို ရရှိသည့်အချိန်မှ မည်သည့်အချိန်တွင်မဆို ဝက်ဘ်စာမျက်နှာကို ပယ်ဖျက်နိုင်ပြီး ပယ်ဖျက်ရန် အကြောင်းကြားစာအရ လုပ်ဆောင်ပြီး သွားပါက ထိုဝန်ဆောင်မှု အသုံးပြုသူ၏ အကောင့်၊ ဝက်စာမျက်နှာရှိဖိုင်များကို လုံးဝ ဖျက်ပစ်မည်ဖြစ်သည်။ ထို့ကြောင့် ပယ်ဖျက်ရန် အကြောင်းကြားစာ မပေးပို့မီတွင် ၎င်းတို့၏ ဝက်ဘ်စာမျက်နှာရှိ ဖိုင်များနှင့် ဆာဗာပေါ်ရှိ အီးမေးလ်မားကို download ပြုလုပ်ရန်မှာ ဝန်ဆောင်မှု အသုံးပြုသူများ၏ တာဝန်ဖြစ်သည်။

၉၉.၉% ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီမှု

Myanmar ICT Solutions Limited သည် ဝန်ဆောင်မှု အသုံးပြုသူများ စိတ်ကျေနပ်စေရန်နှင့် သင်တို့၏ စီးပွားရေး လုပ်ငန်းများ ပြဿနာမရှိဘဲ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုအသုံးပြုရန် အကောင်းဆုံးအချိန်ကို ၉၉.၉% အထိ အာမခံသည်။ Myanmar ICT Solutions Limited သည် အသုံးပြုရန် အကောင်းဆုံး အချိန်ကို အမြင့်ဆုံး ပြုလုပ်ရန် ကြိုးစားမည်ဖြစ်သည်။ Myanmar ICT Solutions Limited သည် ဝန်ဆောင်မှု အသုံးပြုသူကြောင့် ဖြစ်ပေါ်သည့် လုပ်ဆောင်မှု နှေးကွေးမှုများ အတွက် တာဝန်မရှိချေ။

(၇) ရက်အတွင်း ငွေပြန်အမ်းခြင်း အာမခံ

Myanmar ICT Solutions Limited သည် စိတ်ကျေနပ်ဖွယ် ဝန်ဆောင်မှု မပေးနိုင်ခြင်းအတွက် မျှဝေသည့် ဝန်ဆောင်မှု၊ ပြန်ရောင်းသည့် ဝန်ဆောင်မှုနှင့် VPS ဝန်ဆောင်မှုများတွက် ပထမဆုံး ဝန်ဆောင်မှုပေးသည့် ရက်စွဲမှ (၇) ရက် အတွင်း ငွေပြန်အမ်းသည့် အာမခံပေးသည်။ ဈေးကွက်အတွင်း ဝန်ဆောင်မှု အသုံးပြုသူများ၏ စိတ်ကျေနပ်မှုကို အကောင်းဆုံး ပေးစွမ်းနိုင်ရန် အားထုတ်မှုအတွက် ဝန်ဆောင်မှု အသုံးပြုသူများသည် ၎င်းတို့၏ ငွေပေးချေမှုကဒ်တွင် နှုတ်လိုက်သည့် ပမာဏမှ တပ်ဆင်ခ၊ domain အမည် များအတွက် ကျသင့်ငွေနှင့် ငွေပြန်မအမ်းသည့် (အစီအစဉ်တွင် ပါဝင်သည့် နှင့်/သို့မဟုတ် ဝယ်ယူထားသည့်) ထပ်တိုး ဝန်ဆောင်မှုများအတွက် ကျသင့်ငွေများကို နှုတ်ကာ ငွေပြန်အမ်းမည် ဖြစ်သည်။ ထိုအာမခံသည် အကောင့်များကို အသုံးမပြုသည့် ၊ အလွဲသုံးစား အသုံးပြုသည့် နှင့်/သို့မဟုတ် ဤသဘောတူညီမှုကို မလိုက်နာသည့် အကောင့်များတွက် အကျုံးမဝင်ချေ။ Domain အမည်မှတ်ပုံတင်ခြင်းနှင့် တစ်ဦးတည်းပိုင် ဆာဗာများ အတွက်လည်း ငွေပြန်မအမ်းပါ။ ကျွန်ုပ်တို့ဝန်ဆောင်မှုထံ လွှဲပြောင်းသည့် domain အမည်များ အတွက် တစ်နှစ်ထပ်တိုး မှတ်ပုံတင်ရသည့်အတွက် domain မှတ်ပုံတင်ခြင်းဟု သတ်မှတ်သည်။ Domain အမည်မှတ်ပုံတင်ခြင်း အတွက် ကျသင့်ငွေများကို domain အမည်မှတ်ပုံတင်ခြင်း အတွက် ကျသင့်ငွေများ စာရင်းတွင် ဖော်ပြထားပါသည်။ (၇) ရက် အတွင်း ငွေပြန်အမ်းခြင်းအာမခံအတွက် အကျုံးဝင်သည့် ဝန်ဆောင်မှု အသုံးပြုသူများ အတွက် အစီအစဉ်အတွက် ကျသင့်ငွေစုစုပေါင်းမှ domain အမည်မှတ်ပုံတင်ခြင်း အတွက် ကျသင့်ငွေကို နှုတ်ကာ ပြန်လည်ပေးအပ်သွား မည်ဖြစ်သည်။ (၇) ရက် အတွင်း ငွေပြန်အမ်းသည့် အာမခံနှင့် ပတ်သက်၍ မေးခွန်းများရှိပါက [email protected] သို့ အီးမေးလ်ပေးပို့ကာ မေးမြန်းနိုင် ပါသည်။