ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

Reliable Website Development Service in Myanmar.

If you can dream it, we can develop it!

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူသူများအတွက် အမှန်တကယ်လိုအပ်သည့် အချက်များပေါ်တွင် မူတည်ကာ လူကြီးမင်းတို့၏ စီးပွားရေးပုံစံနှင့် သင့်လျော်သည့် အကောင်းဆုံး ဖြေရှင်းချက်များကို အကြံပြုလျှက် ရှိပါသည်။

လူကြီးမင်တို့၏ စီးပွားရေး ဦးတည်ချက် နှင့်ကိုက်ညီသည့်၊ လူကြီးမင်းတို့၏ အရောင်းပမာဏကို မြှင့်တင် ပေးနိုင်သည့် အရည်အသွေးကောင်းမွန်ပြီး အသုံးပြုသူများအတွက် ရင်းနှီးမှုရှိပြီးအသုံးပြုရန် လွယ်ကူသည့် ဝက်ဘ်ဆိုဒ် ဒီဇိုင်းများကိုဖန်တီးပေးခြင်းသည် ကျွန်ုပ်တို့အတွက် အောင်မြင်မှုတစ်ခုဟုမှတ်ယူပါသည်။

လူကြီးမင်းသည် မြန်မာနိုင်ငံရှိ အဆင့်မြင့်ပြီး တုံ့ပြန်မှု ကောင်းမွန်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးသည့် ဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို ရှာဖွေနေပါက MISL ထက် ပိုကောင်းသည့် ရွေးချယ်မှု မရှိပါ။ ယနေ့ပင် ဆက်သွယ်လိုက်ပါ။

ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

ဝန်ဆောင်မှုအားလုံးပါဝင်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း ဝန်ဆောင်မှု

လူကြီးမင်း၏ ဝက်ဘ်ဆိုဒ်အတွင်းထည့်သွင်းမည့် အွန်လိုင်းကြောင်းအရာ များကိုသာ စဉ်းစားရန် လိုအပ်ပါသည်။ ကျန်ရှိ သည်များမှ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။

ဝန်ဆောင်မှုအားလုံးပါဝင်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း ဝန်ဆောင်မှု

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအားလုံးပါဝင်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း ဝန်ဆောင်မှုတွင် လူကြီးမင်းတို့၏ စိတ်တိုင်းကျ ဒိုမိန်းအမည်၊ ဝက်ဘ်ဒီဇိုင်း၊ ဝက်ဘ်ဖန်တီးမှု၊ ဝက်ဘ်အခြေတည်ခြင်း၊ ဝက်ဘ် application များ ဖန်တီးခြင်း၊ စာမျက်နှာကို စောင့်ကြည့်ခြင်း, စာမျက်နှာ အရန်ထားရှိခြင်း၊ ရှာဖွေသည့် အင်ဂျင်ကို အထူးကောင်းမွန်စေခြင်း (SEO)၊ လူကြီးမင်း၏ ဒိုမိန်းအမည်ဖြင့် အီးမေးလ်ဝန်ဆောင်မှု ပေးခြင်းများပါဝင် သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏ ဝက်ဘ်ဆိုဒ် အွန်လိုင်း ပေါ်သို့ ရောက်ရှိရန်နှင့် ၎င်းကိုထိန်းသိမ်းရန် လိုအပ်သည်များအားလုံးကို ဆောင်ရွက်ပေးပါသည်။ လူကြီးမင်းသည် ကျွန်ုပ်တို့ထံ အကြောင်းအရာများဖြစ်သည့် အသုံးပြုလိုသည့် စာများ၊ ဓာတ်ပုံများ နှင့် လိုဂိုများနှင့်အတူ လမ်းညွှန်းချက် များပေးရန်သာ လိုအပ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအားလုံးပါဝင်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း ဝန်ဆောင်မှုတွင် လူကြီးမင်း၏ ဝက်ဘ်ဆိုဒ်အတွက် အခြေခံ android application လည်းပါဝင်ပြီး ထို application ကို Google App Store တွင် တင်ပေးမည်ဖြစ်သည်။

ကိုယ်တိုင်ပြင်ဆင်နိုင်သော ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

လူကြီးမင်းတို့၏ ဝက်ဘ်ဆိုဒ်ကို လူကြီးမင်းတို့ကိုယ်တိုင် စီမံခန့်ခွဲပါ။ ၎င်းသည် ပရိုဂရမ်ရေးဆွဲခြင်း သို့မဟုတ် HTML အတွေ့အကြုံမရှိသည့် အသုံးပြုသူများအတွက် အထူးကောင်းမွန်ပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အကြောင်းအရာ စီမံခန့်ခွဲခြင်းစနစ် (Content Management System, CMS) ပါဝင်သည့် ဝက်ဘ်ဆိုဒ်ဖန်တီးသည့် ဝန်ဆောင်မှုများအနက် အမည်ရ ဝန်ဆောင်မှုပေးသူ တစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များသည် CMS ဝက်ဘ်ဆိုဒ် ဒီဇိုင်းရေးဆွဲခြင်း၊ ဖန်တီး ခြင်း၊ ဝက်ဘ် application ၊ တုံ့ပြန်မှုကောင်းမွန်သော ဝက်ဘ်ဆိုဒ်ဒီဇိုင်းရေးဆွဲနှင့် e-Commerce ဝက်ဘ်ဆိုဒ်ဒီဇိုင်းရေးဆွဲခြင်း/ ဖန်တီးခြင်း စသည့် ဝန်ဆောင်မှုများစွာကို ပေးစွမ်းသည့် CMS ဝက်ဘ်ဆိုဒ် ဖန်တီးခြင်းဆိုင်ရာ အတွေ့အကြုံများစွာရှိပါသည်။

CMS သည် လူကြီးမင်းတို့၏ ဝက်ဘ်ဆိုဒ်ပေါ်ရှိ အကြောင်းအရာများကို လွယ်ကူစွာစီမံခန့်ခွဲနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ CMS အကူအညီဖြင့် ဆိုဒ်ပေါ်ရှိ အကြောင်းအရာများကို ရေးသားခြင်းနှင့် ပြုပြင်ခြင်းများ၊ ဓာတ်ပုံများကို ထည့်ခြင်းနှင့် ဖယ်ရှားခြင်းများ၊ အကြောင်းအရာ စာမျက်နှာများများစွာကို မွမ်းမံခြင်း၊ စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်ကာ ဝက်ဘ်ဆိုဒ်ပေါ်သို့ တင်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ ဝက်ဘ်ဆိုဒ်ပေါ်သို့ တင်ပြီးသည် အခါတွင်လည်း ရုတ်တရက်ပြင်ဆင်ချက်များပြုလုပ်ရန် လိုအပ်ပါက အလွယ်တကူ မွန်မံပြီး ပြန်လည် ဆိုဒ်ပေါ်သို့တင်နိုင်ပါသည်။ ၎င်းသည် သင့်လုပ်ဆောင်မှုလမ်းကြောင်းကို ပူးပေါင်းဒိုမိန်းများဖြင့် စီမံခန့်ခွဲသည့်အတွက် မည်သည့် နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ သို့မဟုတ် ကျွမ်းကျင်မှု များကို မလိုအပ်ဘဲ ဆိုဒ်ပေါ်ရှိ အကြောင်းအရာများကို ထိန်းချုပ်၊ စောင့်ကြည့်ရန် ကူညီပေးပါသည်။

ကိုယ်တိုင်ပြင်ဆင်နိုင်သော ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

စိတ်တိုင်းကျ ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

လူကြီးမင်းတို့၏ စိတ်တိုင်းကျ မတူကွဲပြားသည့် ဝက်ဘ်ဆိုဒ်ဖန်တီးခြင်းဖြင့် သာမန်ပုံစံများမှ ဖောက်ထွက် လိုက်ပါ။

စိတ်တိုင်းကျ ဝက်ဘ်ဆိုဒ်ဖန်တီးခြင်း

ကျွန်ုပ်တို့သည် cookie-cutter ပရောဂျက် မဟုတ်ဘဲ လူကြီးမင်းတို့စိတ်တိုင်းကျ တုံ့ပြန်မှုကောင်းမွန်သည့် ဝက်ဘ် ဖန်တီးခြင်းအတွက် ဖြေရှင်းချက်များကို ကြိုးစားဖန်တီးလျက်ရှိပ်သည်။ ကျွန်ုပ်တို့ ဖန်တီသည့် ဝက်ဘ်ဆိုဒ်များသည် ဆင်တူသည့် ဝက်ဘ်ဆိုဒ်များကို ရှာဖွေ၍မရနိုင်သည်အထိ တစ်မူထူးခြားပါသည်။ ကျွန်ုပ်တို့၏ စိတ်တိုင်းကျ ဝက်ဘ် ဖန်တီးခြင်းသည် ရှိနေသည့် ပုံစံများ၊ plugin များ သို့မဟုတ် found code များပေါ်တွင် မမှီခိုချေ။ ထို့ကြောင်း လူကြီးမင်းတို့အတွက်သာ သီးသန့်ဖြစ်သော၊ အသုံးပြုသူတို့ အတွက် ရင်းနှီးလွယ်ကူသော၊ တည်ငြိမ်ပြီး ယုံကြည်အားထားနိုင်သော ဝက်ဘ်ဆိုဒ်များကို ဖန်တီးပေးနိုင် ပါသည်။

Front-end စိတ်တိုင်းကျ ဖန်တီးခြင်း

Front-end ဝက်ဘ် ဖန်တီးခြင်းဆိုသည်မှာ ဓာတ်ပုံတင်ပြမှုများ သို့မဟုတ် တစ်နေရာရာမှ ထွက်လာသည့် ဇယားများကဲ့သို့သော် အသုံးပြုသူများက မြင်ရပြီး အသုံးပြုသည့် မည်သည့်လုပ်ဆောင်မှုဆိုင်ရာ အစိတ် အပိုင်းမဆိုကို ဆိုလိုသည်။ အလေးအနက်တွေးပြီး ထည့်သွင်းဖန်တီးပါက ထိုအစိတ်အပိုင်းများကို အကြောင်းအရာမဏ္ဍိုင်များအဖြစ် အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့၏ font-end လုပ်ဆောင်မှုဆိုင်ရာ အစိတ်အပိုင်းများသည် စိတ်တိုင်းကျဖန်တီးပြီး လုပ်ငန်းတစ်ခုစီအလိုက် ကိုက်ညီမှုရှိသည့်အပြင် ထိန်းသိမ်းရန်နှင့် တိုးချဲ့ရန် အထူးလွယ်ကူမှုရှိစေရန် အသေးစိတ်တည်ဆောက်ထားသည့်နည်းပညာများ ဖြစ်ပြီး ယုံကြည်အားထားရကာ တည်ငြိမ်မှုရှိသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းကျွမ်းကျင်သော ဝက်ဘ်ဖန်တီးသူများသည် လူကြီးမင်းတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် အွန်လိုင်းနည်းပညာများကို ဖန်တီးလျက်ရှိသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်အုပ်စု သည် ရှိပြီးသား application ကို လုပ်ဆောင်မှုပိုပိုကောင်းမွန်စေရန်ဖြစ်စေ enterprise application ကို တည်ဆောက်ရန်ဖြစ်စေ မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို လက်ခံလုပ်ဆောင်ရန် အဆင်သင့်ရှိနေသည်။ လူကြီးမင်းတို့တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ဦးတည်ချက်များအပေါ် အခြေခံကာ လူကြီးမင်းတို့ လိုချင်သည့် ရလဒ်များရယူပေးနိုင်မည့် ဝက်ဘ်နည်းပညာများကို ဖန်တီးပေးပါသည်။

Back-end စိတ်တိုင်းကျ ပရိုဂရမ်ရေးဆွဲခြင်း

ဝက်ဘ်ဆိုဒ်တစ်ခု၏ back-end တွင် မည်သူမျှမမြင်နိုင်သော၊ အသုံးပြုမှုမရှိသော်လည်း ဝက်ဘ်ဆိုဒ်တစ်ခု လုံးကို မောင်းနှင်ပေးနေသည့် ရှုပ်ထွေးသော ကုဒ်များပါဝင်သည်။ ဝက်ဘ် ဖန်တီးသူများသည် ထိုကုဒ်များဖြင့် အချက်အလက်အလက်သိုမှီးရာနေရာများနှင့် ချိတ်ဆက်ကာ အချက်အလက်များနှင့် အခြားလိုအပ်သည်များကို လုပ်ဆောင်မှုများပြုလုပ်စေသည်။ ၎င်းတို့သည့် လူကြီးမင်း၏ ဆိုဒ်လုပ်ဆောင် ချက်များ၏ နောက်ကွယ်မှ မောင်းနှင်နေသည့် အားဖြစ်သည်။ ဝက်ဘ်ဆိုဒ်အသစ်များ၏ ၉၀% အတွက် စိတ်တိုင်းကျ back-end ဝက်ဘ်ပရိုဂရမ်ရေးဆွဲခြင်းကို လိုအပ်သည်။ ဤကဲ့သို့ ပရိုဂရမ်ရေးဆွဲခြင်း အားဖြင့် လူကြီးမင်းတို့လက်ဝယ်ရှိ အချက်အလက်များနှင့် တစ်သားတည်းဖြစ်စေကာ အချက်အလက်များ ကို ချိတ်ဆက်ပေးခြင်း၊ မတူညီများပြားသော အကြောင်းအရာများကို လိုအပ်သလို ထည့်သွင်းခြင်းများကို ပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအားလုံးသည် လူကြီးမင်းတို့၏ လိုအပ်ချက်တစ်ခုချင်းစီနှင့် ကိုက်ညီအောင် ဖန်တီးထားခြင်းများဖြစ်သည်။ ထို့ကြောင့် လူကြီးမင်းတို့၏ စိတ်ကူးထဲတွင် ပုံဖော် ထားသည့်အတိုင်း ကျွန်ုပ်တို့ ဖန်တီးပေးနိုင်သည်။ ကျွန်ုပ်တို့၏အတွက် မည်သည့်ပရောဂျက်မဆို အလွန် ကြီးမားသည် ၊ အလွန်ရှုပ်ထွေးသည်ဟူ၍ မရှိပါ။ စင်စစ် ကျွန်ုပ်တို့သည် ထိုစိန်ခေါ်မှုများအတွက် ရှင်သန် နေခြင်းဖြစ်သည်။

အဘယ့်ကြောင့် လူကြီးမင်း၏ စီးပွားရေးအတွက် ဝက်ဘ်ဆိုဒ်တစ်ခုကို လိုအပ်ပါသလဲ?

ဝက်ဘ်ဆိုဒ်များကို ၂၄ နာရီပတ်လုံး နေ့တိုင်းအသုံးပြုနိုင်သည်။ ထို့ကြောင့် လူကြီးမင်းတို့၏ ဝန်ဆောင်မှုအသုံးပြုသူများနှင့် ဝန်ဆောင်မှုအသုံးပြုလိုသူများသည် မည်သည့်အချိန်တွင် မဆို လူကြီးမင်း တို့၏ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်ကာ ထုတ်ကုန်နှင့် ဝန်ဆောင်မှု အသစ်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို ကြည့်ရှုနိုင်သည်။ လူကြီးမင်း၏ ဝက်ဘ်ဆိုဒ်သည် လုပ်ငန်းချိန်အတွင်းတွင်သာ ရရှိနိုင်မည့် သတင်းအချက်အလက်များကို အချိန်တိုင်းတွင် ရယူအသုံးပြုနိုင်စေသည့် တန်ဖိုးမဖြတ်နိုင် သော သတင်းအချက်အလက်အရင်းအမြစ်တစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်သည်။

အွန်လိုင်းဆိုင်ပါဝင်သည့် ဝက်ဘ်ဆိုဒ်များသည် အရောင်းမြှင့်တင်ရန် အထောက်အကူ ဖြစ်နိုင်သည်။ အင်တာနက်ခေတ် မတိုင်မီက ကျွန်ုပ်တို့သည် ရှော့ပင်စင်တာများရှိ ဆိုင်များတွင် မိမိလိုအပ်သည်များကို အချိန်ကြာမြင့်စွာ ရှာဖွေဝယ်ယူရသည်။ ဤပြဿနာကို ဝက်ဘ်ဆိုဒ်များက ဖြေရှင်းပေးနိုင်သည်။ ဝက်ဘ်ဆိုဒ်များသည် ထိုဈေးဆိုင်များကို လူကြီးမင်းတို့၏ အိမ်သို့ ဆောင်ကြဉ်းပေးပြီး လူကြီးမင်းတို့ လိုအပ်သည့် ပစ္စည်း၊ ဝန်ဆောင်မှုများကို မိမိတို့အိမ်၌ပင် သက်တောင့်သက်သာ ဝယ်ယူစေနိုင်သည်။ စီးပွားရေးလုပ်ငန်းအများစုသည် ဤအချက်ကို သတိပြုမိသည့်အတွက် ၎င်းတို့၏ ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အသုံးပြုလိုသူများကို အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်စေရန်အတွက် ဝက်ဘ်ဆိုဒ်များ ထားရှိလာကြသည်။

ဝက်ဘ်ဆိုဒ်ထားရှိပြီး အွန်လိုင်းပေါ်တွင်တည်ရှိနေခြင်း ဗျူဟာသည် လူကြီးမင်း၏ လုပ်ငန်းကို အွန်လိုင်း ပေါ်တွင် ဈေးကွက်ရရှိစေနိုင်သည်။ လူကြီးမင်း၏ စီးပွားရေးကို ကြော်ငြာရန်နှင့် ဈေးကွက်ဖောက်ထွင်းရန် အသုံးပြုနိုင်သည့် ဈေးကွက်ချဲ့ထွင်ခြင်းနည်းဗျူဟာများစွာရှိသည်။ အွန်လိုင်းဈေးကွက်ချဲ့ထွင်ခြင်း နည်းဗျူဟာများသည့် ထိရောက်မှုရှိကြောင်း သက်သေသာဓကများစွာရှိပါသည်။ လူကြီးမင်းတို့သည် လုပ်ငန်းအမျိုးအစားအလိုက် ရွေးချယ်မှုများကို ပြုလုပ်နိုင်သည်။

Don’t be late more than your competitor. Just only contact with us.

We are your reliable website development service in Myanmar.